Online မှ လျှောက်လွှာတင်သွင်းရာတွင် ပြည့်စုံစွာဖြည့်စွက်ထားပြီး ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် Server သို့ အရင်ရောက်ရှိလာသော လျှောက်လွှာများကို သတ်မှတ်လူဦးရေ ပြည့်သည်အထိ ဦးစားပေး အစီအစဉ်အတိုင်း လက်ခံပေးမည်ဖြစ်ပါသည်။

Online မှ လျှောက်လွှာတင်သွင်းပြီးနောက် ပုံစံစစ်ဆေးရန်နှင့် သင်တန်းကြေးပေးသွင်းရန် ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်သို့ သတ်မှတ်ရက်တွင် ကိုယ်တိုင်လာရောက်ရမည်။ (သင်တန်းကြေး ပေးသွင်းပြီး မှသာလျှင် သင်တန်းသားအဖြစ် သတ်မှတ်မည် ဖြစ်ပါသည်။

သင်တန်းဝင်ခွင့်ရရှိသည့် အမည်စာရင်အား ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် Website တွင် (၂၃-၁၂-၂၀၁၆) ရက်နေ့ နံနက် (၉:၃၀) နာရီအချိန်တွင် ကြေညာပေးမည် ဖြစ်ပါသည်။

ပညာရေးဝန်ကြီးဌာန
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန
(ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်)
နိုင်ငံခြားဘာသာစကားညနေသင်တန်းတက်ရောက်ခွင့်လျှောက်လွှာ